Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာနနှင့် ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာနအနီး တောမီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် နံနက် ၁၀ နာရီ ၄ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာနနှင့် ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာနအနီးတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။