Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ မြဝတ်ရည်လမ်း၌ နေအိမ်မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် ညနေ ၄ နာရီ ၂၈ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ မြဝတ်ရည်လမ်း၌ ပိုင်ရှင် ဦးရဲအောင်၏ နေအိမ်တွင် ငှားရမ်း နေထိုင်သည့် အိမ်ငှား ဒေါ်အမွန်း၏ ၂၀ x ၁၈ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်များမှတစ်ဆင့် နေအိမ်အကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၄၀ x ၃၆ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀ x ၁၈ ပေ၊ နှစ်ခန်းတွဲ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဒေါ်အမွန်းအား တောင်ကြီးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။