Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ မဟာဗန္ဓုလလမ်း၌ နေအိမ် မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ မဟာဗန္ဓုလလမ်းရှိ ပိုင်ရှင် ဦးနေမင်းဦး၏ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ  ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ 11/0.4 KV 200 KVA ထရန်စဖော်မာ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးနေမင်းဦးအား တောင်ကြီးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။