Language: Myanmar English

အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး  

     ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာဖြေခန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
     အလားတူ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကျိုက်ထိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများနှင့် ဘီးလင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဘီးလင်း)၊ အခြေခံပညာအထက်တန်းကျောင်း(တောင်စွန်း) စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
     အလားတူ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက်နေမှုများနှင့် ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ 
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ 
ဦးဆောင်၍ ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍  ကျောင်းသား/သူများ
 တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေအား
 ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား/ သူများ 
စာမေးပွဲဖြေဆိုနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ 
ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။