Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရာမညလမ်းသွယ်(၈)လမ်း၌ နေအိမ် မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရာမညလမ်းသွယ်(၈)လမ်း၌ ပိုင်ရှင် ဒေါ်အုန်းကြည်၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ ဘေးအကာပျဉ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ပုသိမ်ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ် ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၃၀ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် နှစ်လုံး၊ စုစုပေါင်း နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်အုန်းကြည်အား ပုသိမ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။