Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်ပြီး မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်ပြီး မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၃ နာရီ ၅၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၄ မိုင်နှင့် ၁၄၃ မိုင် ၇ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်မြို့သို့ ပျဉ်းမနားမြို့၊ သပြေလှရပ်ကွက်နေ မျိုးသူထက်(၃၀)နှစ် မောင်းနှင်ပြီး ယိုဒီဦး(၂၆)နှစ် လိုက်ပါလာသည့် NPW-7/ 5J-XXXX MITSUBISHI FUSO ခြောက်ဘီးမော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းတွင် ကာရံထားသော ဘယ်ရီယာတုံးများအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့သောကြောင့် မျိုးသူထက်နှင့် ယိုဒီဦးတို့ နှစ်ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မျိုးသူထက်အား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်ပြီး မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု မှတ်တမ်းဓာတ်ပုံ။