Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ယာဉ်တိုက်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်  နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ၊ ဝမ်းဘဲအင်းကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ပဲခူးမှ ဒိုက်ဦးသို့ ယာဉ်မောင်း ဦးသိန်းဇော် မောင်းနှင်လာသော ယာဉ်အမှတ် YGN-22/ 8E-XXXX TOWNACE အမျိုးအစား အဖြူ‌ရောင် မော်တော်ယာဉ်သည် ဒေးစွန်ပါဘုရားသို့ ကွေ့ဝင်စဉ် ပဲခူးမှ ဒိုက်ဦးသို့ ယာဉ်မောင်း ဦးအောင်ကိုမင်း မောင်းနှင်လာသော MDY-18/ 5S-XXXX ဒေါင်ဖန်း ဆီဘောက်ဆာယာဉ်နှင့် တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် TOWNACE အဖြူ‌ရောင် မော်တော်ယာဉ်၏ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး(သေဆုံး)၊ အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပဲခူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဒေါင်ဖန်း ဆီဘောက်ဆာယာဉ်မောင်း ဦးအောင်ကိုမင်းအား ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ဖြင့် ဘုရာကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။