၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဝင်းနားလမ်း၌ ပိုင်ရှင် ဒေါ်ကြည်လေး၏ ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေဦးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ နံကပ် နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၁ x ၁၄ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် စပါးကျီ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ကြည်လေးအား ရေဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။