Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ အထောက်အထားမဲ့ တရားမဝင်သယ်ဆောင်လာသည့် တောင်သရက် သစ်ခွဲသားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ အထောက်အထားမဲ့ တရားမဝင်သယ်ဆောင်လာသည့် တောင်သရက်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် ည ၁၂ နာရီ ၁၅ မိနစ်တွင် သစ်များ တရားမဝင် သယ်ဆောင်နေကြောင်း သတင်းအရ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဒိုက်ဦး-စစ်တောင်း သွားကားလမ်း မိုင်တိုင်အမှတ် ၁၉ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား အောင်စီးတီးလမ်းဆုံတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဒိုက်ဦးမြို့မှ ညောင်ခါးရှည်မြို့သို့ ဒိုက်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာနေ အောင်မျိုးလင်း(၂၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ လေးသန်း(၅၀)နှစ်နှင့် ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်နေ သစ်ပိုင်ရှင် မောင်ဆန်း(၄၇)နှစ် လိုက်ပါလာသည့် MON/2I-XXXX SKAT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ တရားမဝင်သယ်ဆောင်လာသော တောင်သရက်ခွဲသား ဆိုဒ်စုံ ၂၆ ချောင်း၊ စုစုပေါင်း ၃.၀၆၂၈ တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်မျိုးလင်းပါ သုံးဦးတို့အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၃၄/၂၀၂၅၊ သစ်တောဥပဒေ ပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ အထောက်အထားမဲ့ တရားမဝင်သယ်ဆောင်လာသည့်
တောင်သရက် သစ်ခွဲသားများ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။