၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ လောင်စာဆီများ တရားမဝင်သိုလှောင်ထားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တရားမဝင်လောင်စာဆီများ သိုလှောင်ထားကြောင်း သတင်းအရ ရှမ်းရွာကျေးရွာနေ အောင်မျိုးသွင်(၃၄)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်သိုလှောင်ထားသည့် ဓာတ်ဆီ ၄၇ ဂါလန်ခန့် ထည့်ထားသော ပီပါ တစ်လုံး၊ ဓာတ်ဆီ ၂၅ ဂါလန်ခန့် ထည့်ထားသော ပီပါ တစ်လုံး၊ ဓာတ်ဆီ ၄ ဂါလန်ခန့်စီ ထည့်ထားသော ကော်ပုံး ၇ ပုံး၊ စုစုပေါင်း ဓာတ်ဆီ ၁၀၀ ဂါလန်ခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်မျိုးသွင်အား မင်းတုန်းမြို့မရဲစခန်း (ပ)၁၅/၂၀၂၅၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ လောင်စာဆီများ တရားမဝင်သိုလှောင်ထားသူ
အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။