Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁၊ ၃၊ ၄) ရပ်ကွက်များ၌ မြေငှားဂရန် လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁၊ ၃၊ ၄) ရပ်ကွက်များမှ မြေငှားဂရန် အမည်ပြောင်း၊ သက်တမ်းတိုး လျှောက်ထားလာမှုအား အမှုတွဲပါမြေပုံနှင့် ကိုက်ညီမှု ရှိ/မရှိ၊ လမ်းမြေပေါ်သို့ ကျူးကျော်ထားခြင်း ရှိ/မရှိ၊ မြို့မြေဧရိယာအတွင်း ကျူးကျော်ထားခြင်း ရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တည်ရှိမှု ရှိ/မရှိ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မင်းဘူးမြို့၊ အမှတ်(၁၊ ၃၊ ၄) ရပ်ကွက်များမှ မြေငှားဂရန် လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။