Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနအနီးတွင် တောမီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၁၁ နာရီ ၂၇ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနအနီးတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းနှင့် ဥတ္တရသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။