၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ “မြို့မဈေး” ၌ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့ သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါမီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီ မီးလောင်မှုဖြစ်ပွားပါက အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့စနစ်တကျ သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဈေးအတွင်းရှိ မီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းများကို မင်းဘူးခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးသူ/ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။