Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၈၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံး ကျေးရွာအုပ်စု၊ လွယ်စီတုံ(အောက်)ကျေးရွာရှိ အိုက်ရှဲန်ရွက်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းရှိ မီးစက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၄ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ရှဲန်ရွက်(၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။