၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာလမ်းဆုံ၌ မော်တော်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာယာကုန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ အောင်သူရ(၁၇)နှစ်သည် Honda Dream ဆိုင်ကယ်အား ကျေးရွာလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် တစ်ရွာတည်းနေ အဒေါင်းစိန်(၆၀)နှစ်က Honda Wave I ဆိုင်ကယ်အား လမ်းသွယ်မှ လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ရာမှ ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး အောင်သူရတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အဒေါင်းစိန်အား အိန္ဒုနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိမှုဖြစ်ပွား၍
အမျိုးသား တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။