Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ အဝေးပြေးကားကြီးဝင်းရှေ့ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အမှတ်(၁၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုံရွာ-မန္တလေးလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ မုံရွာမြို့၊ ရွာထောင်ကျေးရွာနေ ထွန်းဦး(၅၆)နှစ် မောင်းနှင်လာသည့် MDY/7J–XXXX HIJET အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ထွန်းဦးအား မုံရွာမြို့မရဲစခန်း (ပ)၅၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။