Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနီး၌ တောမီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနီး၌ တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။