၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုန်းကြီးလမ်း၊ အမှတ်(၆၇)ပထမထပ်ရှိ ပိုင်ရှင် ဒေါ်ဦးခင်နွယ်၏ ၁၂ x ၅၀ ပေ၊ နှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ၏ ပထမထပ်(ညာ)အခန်းတွင် Air-Con Safeguard အပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိအဝတ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် အလုံမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် Air Con Chigo(1HP) တစ်လုံး၊ ၃ x ၄ ပေ သစ်သားဘီဒို တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဦးခင်နွယ်အား လမ်းမတော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။