Language: Myanmar English

မွန်ပြည်နယ်၊ သထုံခရိုင်၊ နန်းခဲရပ်ကွက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ နန်းခဲရပ်ကွက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား 
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။