၂၀၂၅ ခုနှစ်၊ မတ် ၂၂ ရက် နံနက် ၁၁ နာရီ ၄၇ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီလမ်း၊ ရုံးအမှတ်(၄)၊ ကျန်းမာရေးဝန်ကြီးဌာနအနီး၌ တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။