Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

    ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မတ် ၂၃ ရက် နံနက် ၄ နာရီတွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ ငန်တေးရပ်ကွက်၊ ဝန်ကြီးအိမ်ရာမီးပွိုင့်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျွဲခြံကုန်းရပ်ကွက်မှ မော်လမြိုင်မြို့တွင်းသို့ ဈေးကြိုရပ်ကွက်နေ ဝေယံမျိုး(၃၉)နှစ် မောင်းနှင်လာသည့် MDY-17/6L-XXXX HONDA FIT SHUTTLE ခဲရောင် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဝေယံမျိုးအား ဇေယျာသီရိနယ်မြေရဲစခန်း (ပ)၂၁/၂၀၂၅၊  ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။