Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မတ် ၂၃ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ လွှမ်းမိုးဘုန်းတော်ကြီးကျောင်းအနီး လမ်းမပေါ်တွင် လွယ်တော်ခမ်းကျေးရွာနေ အောင်လင်းခန့်(ခ)ကြက်ကုလား(၂၁)နှစ်အား အရိုး/အသွား ၂၆ လက်မခွဲခန့်ရှိ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်လင်းခန့်(ခ)ကြက်ကုလားအား ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၇၂/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ အမျိုးသား တစ်ဦးအား ဓားရှည် တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။