Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ အထိုင်ဆီသင်္ဘော မီးလောင်မှု

    ၂၀၂၅ ခုနှစ်၊ မတ် ၂၃ ရက် နံနက် ၇ နာရီ ၃၃ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ ပိုင်ရှင် ဦးမြင့်လှိုင်ဦး၏ ၉၅ x ၂၄ ပေ၊ “ခိုင်ခိုင်ဖြိုး ၃၇ OB 578” အထိုင်ဆီသင်္ဘောတွင် သင်္ဘောကုန်းပတ်အား အအေးပေးရန် ရေမြှုပ်မော်တာဖြင့် ရေမောင်းနေစဉ် ဝိုင်ယာကြိုးအပူလွန်ကဲပြီး ဝိုင်ယာကြိုးနှင့် ပူးတွဲချည်ထားသည့် သင်္ဘောချည်ကြိုးမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထားဝယ်ခရိုင်/ မြို့နယ်မီးသတ်စခန်းနှင့် ဇရစ်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခုနစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ဝိုင်ယာကြိုးအနည်းငယ်နှင့် သင်္ဘောချည်ကြိုးအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး မန်နေဂျာ ဦးမောင်သော်တာဌေးအား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။