၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ချမ်းသာကြီးကျေးရွာ၊ ဘုရားကြီးလမ်းနှင့် မိုးဝေလမ်းထောင့်တွင် လယ်ကွင်းထဲသို့ ပဲခွံများချ၍ပြန်လာသော ယာဉ်မောင်း ဦးအောင်သူ မောင်းနှင်သော ယာဉ်အမှတ် 5I-XXXX FAW ကား အပြာရောင် မော်တော်ယာဉ်သည် ဒါးမိန်းဝိုင်ယာရှော့ဖြစ်၍ အပူလွန်ကဲရာမှ ကားခေါင်းခန်းအတွင်းရှိ ဆိုဖာခုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်မီးသတ်စခန်းနှင့် ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ကားခေါင်းခန်းအတွင်းရှိ ဆိုဖာထိုင်ခုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးအောင်သူအား လယ်ဝေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။