Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သရေခေတ္တရာလမ်းရှိ နေအိမ် မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ သရေခေတ္တရာလမ်းရှိ ပိုင်ရှင် ဦးလှသိန်း၏ ၁၇ x ၁၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း တစ်ထပ် နေအိမ်တွင် ဂတ်(စ်)မီးဖိုသုံး(220g)ဂတ်(စ်)ဘူး အသေးများအား ဝါးထရံဘေးတွင် စီ၍ထားရာမှ နေအပူရှိန်ကြောင့် ဂတ်(စ်)ဘူးပွင့်ထွက်ပြီး ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီတွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၁၇ x ၁၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၉ x ၂၁ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပိုင်ရှင် ဉီးလှသိန်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။