Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
      ဖြစ်စဉ်မှာ မတ် ၂၄ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်္ဂလာရပ်ကွက်အရောက်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကိုင်းကုန်းကျေးရွာနေ စိုးထက်အောင် (၂၇)နှစ်အား အရိုး/အသွား ၂၉ လက်မခန့်ရှိ ငှက်ကြီးတောင်ဓား တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုးထက်အောင်အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၅၈/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။ 
    အလားတူ မတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ပါကောင်းကျေးရွာ လမ်းပေါ်၌ အဆိုပါကျေးရွာနေ အိုက်မွန်းခမ်း(၃၈)နှစ်အား အရိုး/အသွား ၁၄ လက်မခန့်ရှိ သစ်သားရိုးတပ်ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အိုက်မွန်းခမ်းအား ဝမ်ပုံနယ်မြေရဲစခန်း (ပ)၉/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် 
တို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။