Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲ ကျင်းပ

     ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ စည်းရုံးရေးကော်မတီနှင့် မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပါသည်။
     အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှုထမ်း ရှစ်ဦးတို့မှ “အရေအတွက်မှသည် အရည်အသွေးရှိသော လူ့စွမ်းအားအရင်းအမြစ်ဆီသို့၊ ငါ့နိုင်ငံ ငါ့ပြည်ထောင်စုဆိုသည့်စိတ်ထား ဖြစ်တည်နေမှသာလျှင်၊ ကောင်းမွန်သော နံနက်ခင်းလုပ်ရိုးလုပ်စဉ် များဖြင့် တစ်နေ့တာကို စတင်နိုင်သောနည်းလမ်းများ၊ ကျွန်ုပ်တို့ ယုံကြည်ချက် မှန်ကန်ကြရမည်၊ ပညာရေးသည် လူငယ်တို့ဘဝမြင့်မားရေး၊ အာဟာရသည် ကလေးဘဝမှစ၍ အသက်အရွယ်ကြီးသူများအထိ ကျန်းမာရေးကို ထောက်ပံ့ပေးခြင်းနှင့် အန္တရာယ်ရှိသော အပြုအမူများမှ ကာကွယ်ပေးခြင်း၊ ဉာဏ်ရည်တိုးတက်ထက်မြက်စေသည့် ရိုးရှင်းသောလုပ်ဆောင်ချက်များ၊ နှလုံးအားကောင်းမကောင်းကို သင့်ခြေသလုံးတွင် စစ်ဆေးနိုင်” စသည့် အကြောင်းအရာများအား အလှည့်ကျဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌
 ခရိုင်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့်
 စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။