Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)အသင်းမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းတို့သည် မော်လမြိုင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ သွေးလှူဒါန်းနေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခုတင်(၅၀၀) 
ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နှစ်(၈၀)ပြည့် 
တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ
အခမ်းအနားအား ကြည့်ရှုအားပေးမှုမှတ်တမ်းဓာတ်ပုံ။