Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၁)၊ ရုံးအမှတ်(၂၃)နှင့် ရုံးအမှတ်(၃၉)အနီး တောမီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၂၁)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရုံးအမှတ်(၃၉)၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနီးတို့တွင် တောမီးလောင်မှုဖြစ်ပွားကြောင်းသတင်း ရရှိသဖြင့် ဥတ္တရသီရိခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။