Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်လမ်းရှိ “အိမ်ဖြူတော် ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်” မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၁ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်လမ်းရှိ ပိုင်ရှင် ဦးရဲညီလွင်၏ ၁၀၀x၁၅ ပေ၊ အုတ်ညှပ်၊ သွပ်မိုး တစ်ထပ် “အိမ်ဖြူတော် ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်” အဆောက်အအုံရှိ ၅၀x၁၅ ပေ၊ ဂိုဒေါင်ခန်းအတွင်း ကတ္ထူချပ်၊ ပလပ်စတစ်နှင့် ဖုန်းအပိုပစ္စည်းများကြား အောင်းပူကြောင့် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ၅၀x၁၅ ပေ၊ ဂိုဒေါင်ခန်း တစ်ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဉီးရဲညီလွင်အား အောင်လံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။