Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက္ကလပ်ကျေးရွာအနီး၊ ကျိုက်ထို-သိမ်ဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၉၀/၄)တွင် ယာဉ် တစ်စီး မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက္ကလပ်ကျေးရွာအနီး၊ ကျိုက်ထို-သိမ်ဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၉၀/၄)တွင် ညောင်လေးပင်မြို့မှ သိမ်ဇရပ်မြို့သို့ ကိတ်မုန့်များတင်ဆောင်၍ ယာဉ်မောင်း ဦးပိုင်ပိုင်ကျော် မောင်းနှင်သော ယာဉ်အမှတ် YGN-40/3E-XXXX TOYOTA ဒိုင်နာ(အဖြူရောင်) ယာဉ်သည် အင်ဂျင်ခန်း အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သိမ်ဇရပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
      အဆိုပါမီးလောင်မှုကြောင့် ယာဉ်အမှတ် YGN-40/3E-XXXX TOYOTA ဒိုင်နာ(အဖြူရောင်) ယာဉ် တစ်စီးနှင့် ကိတ်မုန့်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်‌မောင်း ဦးပိုင်ပိုင်ကျော်အား သိမ်ဇရပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။