Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၀/၆)နှင့် (၆၀/၇)ကြား၌ ယာဉ်တိုက်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၀/၆)နှင့် (၆၀/၇)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးရန်နိုင်ဖြိုး မောင်းနှင်လာသော NPW-3 2Q/XXXX၊ “PK”(အနီရောင်) Express ယာဉ်သည် အချက်ပြမီးပြ၍ ရပ်တန့်ပြုပြင်နေစဉ် လားရာတူနောက်မှ ယာဉ်မောင်း ဦးသိန်းဇော်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-15 1P/XXXX MITSUBISHI FUSO အမျိုးအစား ခြောက်ဘီး (လိမ္မော်/ခဲကြားအရောင်) ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၃၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် NPW-3 2Q/XXXX၊ “PK”(အနီရောင်) Express ယာဉ်၏ နောက်ပိုင်းပိန်ချိုင့်၊ ယာဘက်ခြမ်းပိန်ချိုင့်၊ ယာဉ်အမှတ် MDY-15 1P/XXXX MITSUBISHI FUSO အမျိုးအစား ခြောက်ဘီး (လိမ္မော်/ခဲကြားအရောင်) ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ဝဲ/ယာတံခါးပိန်ချိုင့်၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ အမိုးကိုင်း ပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် Express ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း လေးဦးအနက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ခြောက်ဘီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ အမျိုးသား နှစ်ဦးအနက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ဦးသိန်းဇော်ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။