Language: Myanmar English

မီးသတ်ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော တောင်ဇင်းတိုက်နယ်၊ နပ္ပလင်ကျေးရွာနှင့် ဘုန်းတော်ကျေးရွာတို့သို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု

     မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။
       ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော တောင်ဇင်းတိုက်နယ်၊ နပ္ပလင်ကျေးရွာနှင့် ဘုန်းတော်ကျေးရွာတို့ရှိ အိမ်ထောင်စုများသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ရေသယ်ယာဉ် တစ်စီးဖြင့် ရေဂါလန် ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။