မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက်က လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးမြို့၊ ဧရာဝတီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မင်းဘူးမြို့ဘက်မှ မကွေးမြို့ဘက်သို့ ချောက်မြို့နယ်၊ အာရှရပ်ကွက်နေ နိုင်ထွန်းဦး(၂၇)နှစ်မောင်းနှင်လာသော YGN-22/5M-XXXX TOYOTA CROWN အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် နိုင်ထွန်းဦးအား မကွေးမြို့မရဲစခန်း (ပ)၂၈/၂၀၂၅ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။