Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ရပ်ကွက်များနှင့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု 

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော မြင်းဘက်ရပ်ကွက်၊ မြို့မဗလီ၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ ရွှေပြည်ရန်လုံရပ်ကွက်၊ မြို့လည်ဗလီ၊ ဘုံပျံသီလရှင်ကျောင်းတိုက်နှင့် ပျော်ဘွယ်မြို့နယ်၊ ညောင်နွယ်ကျေးရွာတို့ရှိ အိမ်ထောင်စုများသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း ရေဂါလန် ၁၄၄၀၀ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။