၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ရွှေပြည်သာဘုရားနှင့် ပြည်သူ့ဆေးရုံသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း ရေဂါလန် ၃၂၀၀ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။