၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီးအတွင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ။