၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ရေနံချောင်းမြို့နယ်ရှိ အိုးဘိုရပ်ကွက်၊ စည်ပင်သာရပ်၊ မြေနီခင် ရပ်ကွက်နှင့် စေတုတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်ဘုန်းတော်ကြီးကျောင်း၊ ရေကူတောရဘုန်းတော်ကြီး ကျောင်းတို့သို့ ရေနံချောင်းမြို့နယ်မီးသတ်စခန်းနှင့် စေတုတ္တရာမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း ရေဂါလန် ၄၄၀၀ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။