Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်၊ သီရိဇေယျာ(၁)လမ်း၌ နေအိမ်မီးလောင်မှု 

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက် နံနက် ၁၁ နာရီ ၀၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်၊ သီရိဇေယျာ(၁)လမ်း၌ ပိုင်ရှင် ဦးစိန်ဝင်း၏ ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်ရှိ လျှပ်စစ်မိန်းခုံတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သဲကုန်းမြို့နယ်မီးသတ်စခန်း၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ ပုတီးကုန်းနယ်မြေမီးသတ်စခန်း၊ ဝက်ပုတ်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဉီးစိန်ဝင်းအား သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။