Language: Myanmar English

မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု 

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းရှိ ဘုန်းတော်ကျေးရွာနှင့် ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်ရှိ စကုဘုန်းတော်ကြီးကျောင်း၊ မြန်မာ့မီးရထားဘူတာဝင်းအတွင်းရှိ အိမ်ထောင်စုများသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းနှင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း ရေဂါလန် ၆၄၀၀ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိပါသည်။