၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်လင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်း၊ ၂၇ x ၂၈ လမ်းကြား၊ ကြယ်တိုက်ဝင်း အဆောက်အအုံ ပြိုကျသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ ၊ Sky Villa အဆောက်အအုံ ပြိုကျသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ Great Wall Hotel အဆောက်အအုံ ပြိုကျသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့၊ ၃၆ လမ်း၊ ၇၉ x ၈၀ လမ်းကြားရှိ TULIP တည်းခိုခန်း အဆောက်အအုံ ပြိုကျပျက်စီးသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၈၀ လမ်း၊ ၂၁ x ၂၂ လမ်းကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံ ပြိုကျပျက်စီးသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ Win Star Hotel အဆောက်အအုံ ပြိုကျပျက်စီးသည့်နေရာအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းခြံကေလာကျေးရွာ၊ အနောက်တောင်ရပ်ကွက်တွင် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။