Language: Myanmar English

မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ရမည်းသင်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကြည်တော်ကုန်းရပ်ရှိ အိမ်ထောင်စုများနှင့် ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်ရှိ ဝေဇယန္တာဘုန်းတော်ကြီးကျောင်း၊ ဗောဓိကျောင်းဘုန်းတော်ကြီးကျောင်းတို့သို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် သိမ်ကုန်းနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် စုစုပေါင်း ရေဂါလန် ၄၀၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။