Language: Myanmar English

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သောဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။
     ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
 
   
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ လမ်း ၈၀ x ၈၁ ကြား For You အိပ်ခန်းပစ္စည်းအရောင်းဆိုင် ပြိုကျပျက်စီးသည့်အဆောက်အအုံအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
 
 
 
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ Great Wall Hotel အဆောက်အအုံပြိုကျသည့်နေရာအား Drone lighting အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
 
 
 
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၊ အမှတ်(၂)ရပ်ကွက်၊ နီပါးတန်းရပ်၊ ဘေးလုံဘုန်းကြီးကျောင်းဝင်း၊ စိန္တာဝိဇေယကျောင်းဆောင်နှင့် မဟာဆေးအိုးဖိုဘုရားပေါ်ရှိ နှစ်ကျိတ်ရှစ်ဆူဘုရားတို့တွင် ပြိုကျပျက်စီးသည့်နေရာများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
 
 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံဘုရားဝန်း၊ မဟာစေတီဘုရားဝင်း၊ ဟံသာဂီရိပရိယတ္တိစာသင်တိုက်နှင့် ဇမ္ဗူပတိဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြိုကျပျက်စီးသည့်နေရာများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ။
 
 
   
  ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ Hotel Aung Ban အဆောက်အအုံ ပြိုကျပျက်စီးသည့်နေရာများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။