၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ဝေပုံလ္လ(၆)လမ်း၌ ပိုင်ရှင် ဦးဆန်းဝင်း၏ ၁၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ မီးဖိုခန်းရှိ ပလပ်ခုံအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၆၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် လေးလုံး၊ ၁၀ x ၆၀ ပေ၊ Steel Structure တစ်ထပ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဆန်းဝင်းအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်းကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။