Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၁၄)၊ စံပယ်(၁)လမ်း၌ နေအိမ်မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၁၄)၊ စံပယ်(၁)လမ်း၌ ပိုင်ရှင် ဒေါ်လှရီ၏ ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ အုတ်ကာ(အောက်ထပ်)၊ ပျဉ်ကာ(အပေါ်ထပ်)၊ ပျဉ်ခင်း၊ နံကပ် နှစ်ထပ်နေအိမ်တွင် အိမ်ငှားနေထိုင်သည့် ဦးမောင်ကြိုင်၏ ၁၂ x ၁၂ ပေ၊ အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှ ဖယောင်းတိုင်လဲကျ၍ အနီးရှိ မွေ့ရာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၂၄ ပေ၊ သွပ်မိုး၊ အုတ်ကာ(အောက်ထပ်)၊ ပျဉ်ကာ(အပေါ်ထပ်)၊ ပျဉ်ခင်း၊ နံကပ် နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ငှား ဦးမောင်ကြိုင်အား တောင်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။