၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဆည်ရွာကျေးရွာအုပ်စု၊ မင်းလှကျေးရွာရှိ ပိုင်ရှင် ဦးအောင်ကို၏ ၁၅ x ၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မီးဖိုတဲတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၈ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မီးဖိုတဲ တစ်လုံး၊ Nissan AD Van (MDY-26/9D-XXXX) ယာဉ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးအောင်ကိုအား စဉ့်ကိုင်မြို့နယ်၊ ပလိပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။