၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅ ရက် နံနက် ၃ နာရီ ၂၅ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ(၈)၊ ပတ္တမြားလမ်း၌ ပိုင်ရှင် ဦးဂိုကူး၏ ၁၆ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ်တွင် လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၆ x ၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ် တစ်လုံးနှင့် ၂၀ x ၁၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဂိုကူးအား မြစ်ကြီးနားမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။