Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ 

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၁)အရှေ့ရပ်ကွက်နေ ဦးမြင့်ဇော်မိုး(၅၁)နှစ်၏နေအိမ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်အား လက်ဝယ်ထားရှိကြောင်း သတင်းအရ ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းနေအိမ်ဘေးရှိ ဂိုဒေါင်တွင်ရပ်ထားသော MDY-15/9N-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်အား တွေ့ရှိရပြီး မေးမြန်းရာ ၎င်းယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဦးမြင့်ဇော်အား ပေါင်းတည်မြို့မရဲစခန်း (ပ)၅၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။