Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသား တစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ အမျိုးသား တစ်ဦးအား ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် လှေခွင်းတောင်သွားလမ်းပေါ်အရောက်၌ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ လင်းလင်း(၂၈)နှစ်သည် ဆိုင်ကယ် တစ်စီးအား တွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိရသဖြင့် လင်းလင်းအား ရေဆင်းနယ်မြေရဲစခန်း (ပ)၂၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ဆိုင်ကယ် တစ်စီးနှင့်အတူ အမျိုးသား တစ်ဦးအား မသင်္ကာဖွယ်ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။