Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာအနီး အမှတ်(၅)လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း အနောက်မှ အရှေ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်နေ  ခင်မောင်ဝင်း(၂၇)နှစ် မောင်းနှင်လာသည့် YGN-19/ 8D-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်သည် တပ်ထိပ်ကားမှတ်တိုင်အနီးအရောက်၌ လမ်းဖြတ်ကူးသူ အမှတ်(၅)ရပ်ကွက်နေသူများဖြစ်သည့် မစုစုရင်(၂၅)နှစ်နှင့် မအိရွှေဇင်ဝင်း(၂၆)နှစ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ခင်မောင်ဝင်းအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ လမ်းဖြတ်ကူးသူ အမျိုးသမီး နှစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည့် မှတ်တမ်းဓာတ်ပုံ။